လာလည်ကြသူ မိတ်ဆွေအပေါင်း ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

Wednesday, September 4, 2013

ဝမ်းချုပ်ခြင်းကိုဖြေရှင်းပေးမည့်သဘာဝအသီးအနှံများ

လူတိုင်းဝမ်းချုပ်တာကိုခံစားဖူးကြမှာပါ။ဝမ်းချုပ်တာကသင်စားတဲ့အစားအစာနဲ့သောက်တဲ့ဆေးတွေကြောင့်
ဖြစ်နိုင်သလိုရောဂါတစ်ခုခုရဲ့ရှေ့ပြေးလက္ခဏာတစ်ရပ်လည်းဖြစ်နိုင်ပါတယ်။လူတစ်ဦးနဲ့တစ်ဦးဝမ်းသွားတဲ့
အလေ့အကျင့်တွေမတူညီတတ်ပါဘူး။တချို့လူတွေကနေ့စဉ်ပုံမှန်ဝမ်းသွားပေမယ့်တချို့လူတွေကတော့
တရက်ခြား၊နှစ်ရက်ခြားမှတစ်ကြိမ်သာဝမ်းသွားတဲ့အလေ့အကျင့်ရှိတတ်ပါတယ်။ဘယ်လိုအမူအကျင့်တွေ
ရှိနေပါစေတစ်ပတ်ကို၃ကြိမ်ထက်နည်းပြီးဝမ်းသွားမှသာဝမ်းချုပ်တယ်လို့ကျွမ်းကျင်သူတွေကသတ်မှတ်
ပါတယ်။ဝမ်းချုပ်လာမှဝမ်းနုတ်ဆေးစားတာက၀မ်းချုပ်တာကိုယာယီသာဖြေရှင်းပေးနိုင်ပြီး
သင့်တော်မှန်ကန်တဲ့နည်းလမ်းမဟုတ်ပါဘူး။ဝမ်းချုပ်တာကိုကာကွယ်နိုင်စေဖို့မီးဖိုချောင်သုံးသုံးသီးနှံတွေ
နဲ့ဖြေရှင်းလို့ရတဲ့နည်းလမ်းတွေကိုဖော်ပြပေးလိုက်ပါတယ်။

 ၁။စပျစ်သီး
 ကျက်အောင်ကျိုထားတဲ့နွားနို့ပူပူထဲကိုအစေ့ထုတ်ထားတဲ့စပျစ်သီး၁၀-၁၂လုံးလောက်ထည့်ကာ
ညအိပ်ခါနီးတိုင်းသောက်ပြီးနွားနို့ထဲကစပျစ်သီးကိုဝါးစားပါ။ဝမ်းချုပ်တာကိုကာကွယ်ပေးနိုင်ပါတယ်။

၂။သင်္ဘောသီး
 

သင်္ဘောသီးက၀မ်းပျော့ပျော့သွားစေဖို့အကောင်းဆုံးအိမ်တွင်းဆေးနည်းတစ်မျိုးလို့ပြောရင်မှားမယ်
မထင်ပါဘူး။

 ၃။ချင်း(ဂျင်း)

 ချင်းကိုအခြောက်လှန်းပြီးအမှုန့်ကြိတ်ပါ။ပွေးကိုင်းရွက်ကိုလည်းအခြောက်လှန်းပြီးအမှုန့်ကြိတ်ပါ။
ချင်းခြောက်မှုန့်နဲ့ပွေးကိုင်းရွက်မှုန့်တို့ကိုဆတူရောထားပါ။အိပ်ရာမ၀င်ခင်ရေနွေးနွေးထဲကိုရောထားတဲ့
အမှုန့်ခတ်သောက်ပါ။မနက်အိပ်ရာထတဲ့အခါဝမ်းပျော့ပျော့သွားပါလိမ့်မယ်။

၎။မာလကာသီး
 မာလကာသီး၁လုံး၂လုံးကိုအစေ့တွေပါစားပေးပါ။ဝမ်းမချုပ်စေဖို့အလွယ်ကူဆုံးနည်းလမ်းပါ။
မာလကာစေ့တွေပါစားမယ်ဆိုရင်ညက်အောင်သေချာဝါးစားပေးဖို့လိုပါတယ်။

၅။ဂေါ်ဖီထုပ်
 အမျှင်ဓာတ်များစွာပါတဲ့ဂေါ်ဖီထုပ်ကသင့်ကိုဝမ်းမှန်စေပါတယ်။ဂေါ်ဖီထုပ်ကိုအရွက်အတိုင်းမစားချင်ပါ
ပန်းကန်လုံးတစ်လုံးစာလောက်အရည်ညှစ်ပြီးတစ်နေ့၁၂ကြိမ်သောက်ပေးပါ။ဝမ်းချုပ်တာအတွက်အကောင်း
ဆုံးအိမ်သုံးဆေးပါ။

၆။ဗာဒံစေ့
 ဗာဒံစေ့အဆီလက်ဖက်ရည်ဇွန်း၁-၂ဇွန်းကိုနွားနို့နဲ့ညအိပ်ရာမ၀င်ခင်သောက်ပေးပါ။
ဝမ်းမချုပ်အောင်ကာကွယ်နိုင်ပါတယ်။

၇။ သံပရာသီး
 သံပရာသီးကိုအစိတ်လေးများဖြစ်အောင်လှီးဖြတ်ကာတစ်ညအိပ်ထားပြီးနောက်သံပရာစိတ်လေးတွေကို
အရည်ညှစ်ပါ။တစ်နေ့၁-၂ကြိမ်သောက်ပါ။ဝမ်းချုပ်တာမဖြစ်စေဖို့အထောက်အကူပြုပါတယ်။

၈။စွန်ပလွန်သီး
စွန်ပလွန်သီးအနည်းငယ်ကိုရေနွေးပူပူထဲထည့်ပြီးအေးသွားတဲ့အထိထားပါ။အေးသွားပါကအဲဒီရေ
ကိုသောက်ပေးပါ။ရေနွေးပူပူအစားနွားနို့ပူပူကိုအသုံးပြုလို့ရပါတယ်။

၉။ပန်းသီး
ပန်းသီးက၀မ်းချုပ်တာကုသဖို့်အတွက်အကောင်းဆုံးအသီးပါ။မနက်စာစားတဲ့အခါပန်းသီးပါအောင်ထည့်
စားပေးပါ။
ဝမ်းကိုရှောရှောရှူရှူသွားစေပါတယ်။

 ၁၀။ဥသျှစ်သီး


ဥသျှစ်သီးစားပေးတာက၀မ်းပျော့ပျာ့သွားစေတာကြောင့်ဝမ်းချုပ်တတ်သူတွေစားပေးသင့်ပါတယ်။

လိပ်ခေါင်းရောဂါနဲ့ ဘ၀နေထိုင်စားသောက်မှု ပုံစံ

(မေး) လိပ်ခေါင်းဘာကြောင့် ဖြစ်ရပါသလဲဆရာ။
(ဖြေ) လိပ်ခေါင်းဖြစ်ရတဲ့ အဓိကအချက်က သွေးပြန်ကြောဖိအား (Pressure) များတာကြောင့်ပါ။ သွေးပြန်ကြော ဖိအားများရတာကလည်း သွေးပြန်ကြောရဲ့ တနေရာမှာ သွေးစီးဆင်းမှု ပိတ်ဆို့တာကြောင့် ဖြစ်ပါတယ်။ စအိုနဲ့ အစာဟောင်းအိမ်က ကြွက်သားတွေက ဖိအား (Tension) များတာကြောင့် အတင်းဖိပြီး ညှစ်ရလို့ပါ။

သီအိုရီအရပြောရရင် နဂိုသွေးပြန်ကြောတွေရဲ့ နံရံပါးတာကြောင့် သွေးပြန်ကြော ဖောင်းလွယ်တဲ့ သူတွေမှာလည်း အဖြစ်များပါတယ်။ အရက်သောက်တာများလို့ဖြစ်တဲ့ အသည်းခြောက်ရောဂါသည် (Cirrhosis of Liver) တွေမှာလည်း လိပ်ခေါင်းဖြစ်တတ်ပါတယ်။
*********************************************************************

(မေး) လိပ်ခေါင်းက ဘယ်လိုလူတွေမှာ အဖြစ်များပါသလဲဆရာ။
(ဖြေ) လိပ်ခေါင်းက ၀မ်းချုပ်တဲ့သူတွေမှာ အဖြစ်များပါတယ်။ ၀မ်းမာမာသွားတဲ့သူတွေဟာ အူရဲ့ကြွက်သားတွေကို အတင်းညှစ်ရတာကြောင့်  ဖြစ်တတ်ပါတယ်။ အားကစားလှုပ်ရှားမှု နည်းတဲ့ သူတွေမှာလည်း ဖြစ်တတ်ပါတယ်။ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်စားတာ နည်းပြီး အပူအစပ်နဲ့ အသားစားတာများတဲ့သူတွေ၊ အရက်သောက်ပြီး အစာမှန်မှန် မစားတဲ့သူတွေနဲ့ ၀မ်းသွားတဲ့ အလေ့အထမမှန်တဲ့ သူတွေမှာလည်း ဖြစ်တတ်ပါတယ်။ စိတ်ဖိစီးမှုများတဲ့သူတွေ လိပ်ခေါင်းဖြစ်တတ် တာက ၀မ်းချုပ်တာကြောင့်ပါ။ ကိုယ်ဝန်ဆောင်သူတွေလည်း ယာယီလိပ်ခေါင်း ဖြစ်တတ်ပေမယ့် ကလေးမွေးပြီးတဲ့အခါ ပြန်ကောင်းသွားလေ့ရှိပါတယ်။ 

ရှားရှားပါးပါး အူမကြီးကင်ဆာရောဂါဟာလည်း လိပ်ခေါင်းနဲ့ တွဲဖြစ်တတ်ပါတယ်။ စအိုကွဲတဲ့ Anal Fissure ရောဂါဖြစ်ရင် ၀မ်းသွားရမှာကြောက်ပြီး မညှစ်တော့ ၀မ်းပိုချုပ်ပြီး နောက်ဆက်တွဲအနေနဲ့ လိပ်ခေါင်းဆက်ဖြစ်နိုင်ပါတယ်။ ပြီးတော့ နဂိုကတည်းက သွေးပြန်ကြောနံရံပါးတဲ့သူတွေလည်း လိပ်ခေါင်းဖြစ်တတ်ပါတယ်။
*********************************************************************
(မေး) လိပ်ခေါင်းက ဘယ်အသက်အရွယ်မှာ အဖြစ်များပါသလဲဆရာ။
(ဖြေ) ပျမ်းမျှအားဖြင့် သက်လတ်ပိုင်းအရွယ်တွေမှာ အဖြစ်များတာကို တွေ့ရတယ်။ အသက် ၃၀-ကျော်တဲ့သူတွေမှာ အဖြစ်များပါတယ်။ 
********************************************************************
(မေး) လိပ်ခေါင်းက မျိုးရိုးလိုက်တတ်ပါသလားဆရာ။
(ဖြေ) သာမန်အားဖြင့်တော့ မျိုးရိုးမလိုက်တတ်ပါဘူး။ ဒါပေမဲ့ သွေးပြန်ကြောနံရံပါးတတ်တဲ့ သူတွေကတော့ မျိုးရိုးရှိနိုင်ပါတယ်။ သေချာတဲ့ တွေ့ရှိချက်ကတော့ မရှိသေးပါဘူး။
********************************************************************
(မေး) လိပ်ခေါင်းကို ရောဂါရှာဖွေဖို့က အရေးကြီးပါသလားဆရာ။
(ဖြေ) လိပ်ခေါင်းကို ရောဂါရှာတဲ့အပိုင်းက အရေးကြီးပါတယ်။ လိပ်ခေါင်းက ၀မ်းကိုက်တာနဲ့ မှားတတ် သလို အစာဟောင်းအိမ်ကင်ဆာ၊ အူမကြီးကင်ဆာတွေနဲ့လည်း မှားတတ်ပါတယ်။ ဒါကြောင့် လိပ်ခေါင်းလို့သေချာအောင် စအိုကို မှန်ပြောင်းနဲ့ကြည့်တဲ့နည်း Protoscopy ကို သုံးပါတယ်။ အသက် ၄၀-ကျော်ပြီး အသက်ကြီးတဲ့သူတွေမှာ ကင်ဆာလို့ သံသယရှိရင် Protoscopy ကို မဖြစ်မနေ လုပ်ပါတယ်။

လိပ်ခေါင်းဆိုရင် နာရီတလုံးလို သဘောထားပြီး ကြည့်ရင် ၃၊ ၇၊ ၁၁ နာရီနေရာမှာ သွေးကြောဖောင်း နေတာကို တွေ့မြင်နိုင်ပါတယ်။ အကျိတ် ရှိ-မရှိ စအိုကို လက်နဲ့စမ်းတဲ့နည်း (Digital Rectal Examination) ကိုလည်း သုံးပါတယ်။ 
လိပ်ခေါင်းလို့ထင်ပြီး ကုနေချိန်မှာ ကင်ဆာဖြစ်နေရင် ကင်ဆာအတွက် ကုသဖို့ နောက်ကျသွားနိုင်ပါတယ်။ ဒါကြောင့် ရောဂါကို သေချာအောင် စမ်းသပ်ရှာဖွေဖို့ အရေးကြီးပါတယ်။
********************************************************************
(မေး) လိပ်ခေါင်းခွဲစိတ်ကုတာက စိုးရိမ်ရပါသလားဆရာ။
(ဖြေ) လိပ်ခေါင်းခွဲစိတ်တာက Major  ခွဲစိတ်မှုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွမ်းကျင်မှုလိုအပ်သလို သတိထားရမှာတွေ ရှိပါတယ်။ အဓိက သတိထားရမယ့်အချက်တွေအနေနဲ့ လူနာက အသည်းကောင်းဖို့ လိုပါတယ်။ အသည်းခြောက်လို့ လိပ်ခေါင်းဖြစ်ရင် ခွဲစိတ်လေ့မရှိပါဘူး။ ခွဲစိတ်ရင် သွေးမတိတ်တတ် တာကြောင့်ပါ။ ဒါကြောင့် မခွဲခင် PT (Prothrombin Time) စစ်ဆေးကြည့်ရပါတယ်။

ပြီးတော့သွေးကျဆေးသောက်ထားရင် တပတ်၊ နှစ်ပတ် စောင့်တာလိုမျိုး လုပ်ရတယ်။ ခွဲစိတ်တဲ့အခါ မှာလည်း ကြိုတင်ပြင်ဆင်ထားရပါတယ်။
အရမ်းကြီးတဲ့ လိပ်ခေါင်းဆိုရင်လည်း သွေးထွက်တတ်လို့ သွေးသွင်းဖို့ ပြင်ဆင်ထားရပါတယ်။
********************************************************************
(မေး) လိပ်ခေါင်းနဲ့ ပတ်သက်ပြီး အများပြည်သူကို တခြားဘာပြောလိုပါသလဲဆရာ။
(ဖြေ) လိပ်ခေါင်းမဖြစ်အောင် ကာကွယ်တဲ့အနေနဲ့ ၀မ်းမှန်မှန်သွားအောင် ဂရုစိုက်တာ၊ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံများများစားတာ၊ အရက်ရှောင်တာ၊ အပူအစပ် လျှော့စားတာ၊ ကိုယ်လက်လှုပ်ရှားတာ စတဲ့ ကျန်းမာရေး ကောင်းစေတဲ့ ဘ၀နေထိုင်မှု ပုံစံအတိုင်း နေသင့်ပါတယ်။
လိပ်ခေါင်းဖြစ်လာရင်လည်း ရောဂါကို ရင့်အောင်မထားဘဲ ဆေးကုသမှု ခံယူဖို့ မှာချင်ပါတယ်။

ပါမောက္ခ ဦးအေးမွန် (ခွဲစိတ်အထူးကု ဆရာဝန်ကြီး)

Friday, August 30, 2013

ပိတ်ထားသောwebsite များကိုကျော်ဖွင်.နည်း

ကျွန်တော်တို. website တစ်ခုကို ဖွင်.ကြည်.တဲ.အခါ ဖွင်.မရတာတွေရှိပါတယ်။အမှန်တော.
ပိတ်ခံထားရတာပါ။

Access Denied (policy_denied)

Your system policy has denied access to the requested URL.

For assistance, contact your network support team.

ဒီအပေါ်က စာတမ်းလေးလို ထိုးပြီး ပိတ် ထားကြောင်း ဖော်ပြထားတဲ. website တွေကို ဖွင်.ဖို.

နည်းလမ်း နှစ် ခုဘဲရှိပါတယ်။

ပထမတစ်နည်းကတော. software သုံးရမှာပါ။ u95 တို.လို freedom တို.လို software တွေသုံးပြီးဖွင်.လို.ရပါတယ်။

ဒုတိယနည်းကတော. website ကိုသုံးပြီး ဖွင်.တဲ.နည်းပါ။ဒုတိယနည်းကိုအောက်မှာ ဝေဌ ထားပါတယ်။

၁။ သင်ဖွင်.မရသော webpage ကို အရင် ဆုံး ctrl+c သို.မဟုတ် mouse ကို right click နှိပ်ပြီး ကူးယူထားပါ ။

၂။ proxy site တစ်ခုခုကို ဖွင်.ပါ။ proxy website များကို အောက်တွင်ဖော်ပြပေးပါတယ်။

၃။ သင်ဖွင်.မရသော website စာမျက်နှာကို enter URL ဆိုသော ကွက်လပ်လေးတွင် ctrl +v ဖြင်.သော်လည်းကောင်း paste ဖြင်.သော်လည်းကောင်း ထည်.၍ Go ခလုတ်လေးကိုနှိပ်ပါ။

proxy website များကို အသုံးပြုရန် အောက်မှာ ယူလိုက်ပါ
(http://www.proxywebsites.biz/?id=33555)

ညှင်း ( Tinea Versicolor)

Pityriasis Versicolor ညှင်းဆိုတာ Malassezia furfur ကြောင့်ဖြစ်ပြီး၊ အဖြူ-ပန်းရောင် ကတ္တီပါလို နူးညံ့တယ်။ ခန္ဓာကိုယ်အပေါ်ပိုင်းမှာ ဖြစ်တယ်။


Tinea Versicolor ညှင်း Pityriasis Versicolor ညှင်းဆိုတာ Malassezia furfur ကြောင့်ဖြစ်ပြီး၊ အဖြူ-ပန်းရောင် ကတ္တီပါလို နူးညံ့တယ်။ ခန္ဓာကိုယ်အပေါ်ပိုင်းမှာ ဖြစ်တယ်။ Cyanide poisoning (စိုင်းယာနိုက်) အဆိပ်သင့်တာ၊ Sulfur mustard poisoning မုံညင်းအဆိပ်သင့်တာတွေမှာလဲ သုံးတယ်။ Calciphylaxis ကျောက်ကပ်ဆေးနေရသူတွေ အခြေအနေဆိုရင်လဲ ပေးတတ်တယ်။ Ringworm ပွေး၊ Tinea versicolor ညှင်းအတွက်လဲ ပေးတယ်။

ခေတ်ပေါ်လိမ်းဆေးတွေ -
• Clotrimazole 1% solution တနေ့တခါ၊ တပါတ်ကြာလိမ်းပါ။ Clotrimazole (1%) + Selenium sulfide (2.5%) (Candid-TV) တွေကို ရောသုံးနိုင်တယ်။ Clotrimazole (Lotrimin, Mycelex) and Miconazole (Lotrimin) လိမ်းဆေးကို တနေ့ ၂ ကြိမ်၊ ၁ဝ-၁၄ ရက်ကြာ လိမ်းပါ။ Clotrimazole, Miconazole or Terbinafine လိမ်းဆေးတွေက ခံစားရတာကို သက်သာစေတယ်။

• Fluconazole 150-300-400 mg ကို ၂ ပါတ်ခြားပြီး ၂ ခါပေးတာနဲ့ ထိရောက်တယ်။
• Hydrogen peroxide ကလဲ အတူတူဘဲ။ ဒါပေမဲ့ အမာရွတ်ဖြစ်မှာ စိုးရတယ်။
• Ketoconazole (Nizoral ointment and shampoo) လိမ်းဆေးဆိုရင် ၁ဝ မိနစ်ကြာ၊ နေ့စဉ်၊ ၂ ပါတ်လိမ်းပါ။ Ketoconazole shampoo 1% or 2% လဲ ထပ်မဖြစ်အောင် ၃ပါတ်ကြာအောင် လိမ်းပါ။

• Selenium sulfide 2.5% lotion or Shampoo လိမ်းဆေး ၇-၁၄ ရက် လိမ်းပါ။ Selenium sulfide shampoo 1% (Selsun Blue) or 1% Ketoconazole shampoo (Nizoral) လိမ်းဆေးကို ၁၅ မိနစ်ကြာ၊ တပါတ်မှာ ၂ ကြိမ်၊ ၂-၄ ပါတ်ကြာလိမ်းပါ။ Selsun Blue ထဲမှာ 1% Selenium sulfide သာပါလို့ တချို့ကိုသာ ပျောက်စေတယ်။
• Terbinafine 1% solution တနေ့နှစ်ခါ တပါတ်ကြာလိမ်းပါ။
ခေတ်ပေါ်သောက်ဆေးတွေ -
• Fluconazole 400 mg (၁) ကြိမ်တည်းသောက်ပါ၊
• Itraconazole (Sporanox) ၅ ရက်သောက်ပါ။ Itraconazole 200-400 mg တရက်ခြား ၇ ရက်သောက်ပါ။ Itraconazole 400 mg တနေ့ ၁ ကြိမ်၊ ၃-၇ ရက်သောက်ပါ။ သတိထားဘို့က Atorvastatin (Lipitor) ခေါ်တဲ့ (ကိုလက်စထော) ကျဆေးနဲ့ တွဲမပေးသင့်ပါ။
• Ketoconazole 200 mg တနေ့ ၁ ကြိမ်၊ ၇ ရက်သောက်ပါ။ Ketoconazole 400 mg (၁) ကြိမ်တည်းသောက်ပါ၊ (၁) ကြိမ်တည်းသောက်ဆေးသောက်ပြီးနောက် ၁-၂ နာရီအကြာမှာ လေ့ကျင့်ခန်းလုပ်လို့ ချွေးထွက်ရင် ပိုကောင်းတယ်။

• Ciclopirox (Ciclopirox olamine) ဆေးကိုလဲ အစားထိုးသုံးနိုင်တယ်။

ဒေါက်တာတင့်ဆွေ

Monday, August 26, 2013

Chinese Acupuncture -- Fire Cupping Treatment


Thursday, August 22, 2013

ရှောက်သီး၏ကျန်းမာရေးအကျိုးကျေးဇူးများ

ဆေးဖက်ဝင် ရှောက်ရည်အစွမ်း

ရှောက်ရည်မှာ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပြီး ကင်ဆာကို တွန်းလှန်နိုင်တဲ့ ဂုဏ်သတ္တိကြောင့် နှစ်ပေါင်းများစွာ ကတည်းကပင် အသုံးပြုခဲ့ကြပါတယ်။မနက်အိပ်ရာထခါစမှာ ရေနွေး မတ်ခွက်တစ်ခွက်ထဲကို ရှောက်သီးတစ်စိတ်ညှစ်ပြီး သောက်ပေးရင် အောက်ပါအကျိုး ကျေးဇူးတွေ ရရှိနိုင်ပါတယ်။

(၁)ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်ခြင်း

ရှောက်သီးမှာ ဗီတာမင် C နဲ့ ပိုတက်စီယမ်တွေ များစွာ ပါဝင်ပါတယ်။ ဗီတာမင် C ဟာ အအေးမိဝေဒနာကို တွန်းလှန်နိုင်ပြီး ပိုတက်စီယမ်မှာမူ ဦးနှောက်နှင့် အာရုံကြော လုပ်ငန်းဆောင်တာအတွက် လှုံ့ဆော်နိုင်ပြီး သွေးဖိအားကို ထိန်းချုပ်နိုင်ပါတယ်။

(၂)အစာခြေဖျက်မှုကို ကူညီနိုင်ခြင်း

ရေနွေးဟာ အစာအိမ်နဲ့ အူလမ်းကြောင်းတွင်း လှုံ့ဆော်မှုပေးနိုင်တာကြောင့် အူနံရံမှ ကြွက်သားတွေ လှုပ်ရှားလာစေပါတယ်။ ရှောက်သီးနဲ့ သံပရာသီးမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ များစွာပါဝင်တာကြောင့် အစာခြေလမ်းကြောင်းအတွင်း အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်ပါတယ်။

(၃)ခန္ဓာကိုယ်၏ pH ဓာတ် ညီမျှစေခြင်း

ရှောက်သီးဟာ အက်စစ်ဓာတ်ပါဝင် နေပေမယ့် ခန္ဓာကိုယ်တွင်းမှာ သူတို့ဟာ အယ်လ်ကာလီ ဖြစ်နေတတ်ပါတယ်။ စီထရစ်အက်စစ်ဖြစ်တဲ့ ရှောက်သီးဟာ ခန္ဓာကိုယ်တွင်း ဇီဝရုပ်ဖြစ်စဉ်မှာ အက်စစ်ဓာတ် ဖြစ်အောင် ဖန်တီးလို့မရနိုင်တာကြောင့်ပါ။ ခန္ဓာကိုယ်တွင် အယ်လ်ကာလီဖြစ်နေတာဟာ ကျန်းမာရေးကောင်းဖို့အတွက် သော့ချက်ပါ။

(၄)ကိုယ်အလေးချိန်ကျဆင်းဖို့ ကူညီနိုင်ခြင်း

ရှောက်သီးမှာ အမျှင်ဓာတ်တွေများစွာ ပါဝင်တာကြောင့်အစာစားချင်စိတ်ကို ချိုးနှိမ်ပေးတဲ့အပြင် ဆာလောင်မှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် အယ်ကာလီ အစားအစာကို စားသုံးသူတွေဟာ ကိုယ်အလေးချိန် ကျဆင်းနှုန်း မြန်ဆန် တတ်ပါတယ်။

(၅) သဘာဝဆီးဆေး ဖြစ်စေခြင်း

ရှောက်ရည်ဟာ ဆီးထွက်များစေတာမို့ ခန္ဓာကိုယ်အတွင်း မလိုလားအပ်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပစ်နိုင်ပါတယ်။

(၆) အသားအရေ ကြည်လင်ဝင်းပစေခြင်း

ဗီတာမင် C ဟာ အရေးကြောင်းတွေကို လျော့နည်းစေနိုင်ပြီး အသားအရေ ဝင်းပစေနိုင်ပါတယ်။ ရှောက်ရည်ဟာ သွေးထဲမှ အဆိပ်တွေကို ဖယ်ရှားနိုင်တာကြောင့် အသားအရေ သန့်ရှင်းမှု ရှိစေနိုင်ပါတယ်။

(၇)အာရုံစူးစိုက်မှု ကောင်းမွန်နိုင်ခြင်း

(၈)အသည်းနှင့် ကျောက်ကပ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ခြင်း

(၉)နှလုံးအလုပ်မလုပ်နိုင် မဖြစ်အောင် ကာကွယ်ပေးခြင်း

(၁၀)အနာကျက်မြန်စေခြင်း

(၁၁)ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ခြင်း

(၁၂)ရောဂါပိုးကို တွန်းလှန်နိုင်ခြင်း

(၁၃)အအေးမိနှင့် ချောင်းဆိုးဝေဒနာ သက်သာစေခြင်း

(၁၄)ရင်ကျပ်ပန်းနာ သက်သာစေခြင်း

(၁၅)ပျို့ခြင်း၊ အန်ခြင်းနှင့် ကားမူးခြင်းကို ကာကွယ်ပေးခြင်း

(၁၆)အရိုးနှင့်သက်ဆိုင်သော ရောဂါများကို ကာကွယ်ပေးနိုင်ခြင်း

(၁၇)ဝက်ခြံ၊ မှည့်ခြောက်နှင့် အမည်းစက်များကို ဖယ်ရှားပေးနိုင်ခြင်း

(၁၈)ဆံပင်သန်မာစေခြင်း

(၁၉)အမြင်အာရုံကို ကောင်း စေသည်။

(၂၀) သွေးကို တိတ်စေသည်။

(၂၁)bioflavinoidကြောင့် သွေးကြောကို သန်မာစေသည်။ Internal haemorrhage ကိုယ်တွင်းသွေးယိုစီးခြင်းကို ကာကွယ် ပေးသည်။

(၂၂)သွေးပေါင်ကို ကျစေသည်။

(၂၃)သန်ကျစေသောအာနိသင်ရှိသည်။

(၂၄)Anti cancer compound များ ပါဝင်သောကြောင့် ကင်ဆာကျိတ် များကြီးထွားခြင်းကို ရပ်တန့်စေ သည်။

(၂၅)သွေးချိုကို ကျစေသည်။

ဆေးဖက်ဝင်ရှောက်သီး

(၁)အုန်းနို့ခေါက်ဆွဲ၊ဒံပေါက်၊မုန့်ဟင်းခါးအ၀စားမိသည်အခါတွင် ရှောက်ဖျော်ရည်ကိုသောက်ပေးခြင်းဖြင့် သွေးတိုး၊သွေးတက်၊အစာမကြေ ခြင်းမှ ပြေပျောက်စေသည်။

(၂)အစာအဟာရများကိုမမှီဝဲချင်ဘဲ လေခံနေခြင်း။ လေများမကြာခဏပျို့အန်ခြင်းနှင့်အစာမကြေခြင်းများ ဖြစ်နေပါကရှောက်က်သီးတစ်စိတ်ကိုနုပ်နုပ်စဉ်ကာ ထန်းလျက်တစ်ဆယ်သားခန့်ဖြင့် ကျကျကျို ပြီး မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်ခန့် သောက်ပေးရသည်။ ပြီးမနက် တစ်ကြိမ်၊ ညတစ်ကြိမ် လက်ဖက်ရည် အကြမ်းပန်းကန်တစ်ဝက်ခန့် သောက်ပေးရသည်။ ရင်မရှင်းမလင်း ခြင်းများ၊ အစာမကြေ၊ လေအန် လေဆန်နေခြင်းများ သက်သာသွားမည်။

(၃) ခန္ဓာကိုယ်ရှိ အကြောများ အခံမရပ်နိုင်အောင် တက်ခြင်း။ အကျိတ်အဖု များထွက်ခြင်း၊ ပြင်းထန်စွာ ထိခိုက်လျက် အတွင်းကြေ ဒဏ်ရာ ရရှိခြင်းများ ဖြစ်ခဲ့လျှင် ရှောက်ရည် တစ်ဆ၊ နနွင်းမှုန့်တစ်ဆ၊ ထုံးတစ်ဆ တို့ကို ရောလျက် မနက် ညတစ်ကြိမ်စီ လိမ်းပေးဖြင့် သက်သာ ပျောက်ကင်းသည်။

(၄) မီးယပ်အဆင်းများလျှင် မှူးဝေတက်သည်။ ရှောက်သီးနှင့် ထန်းလျက်ရောကာ ကျွေးပေးရသည်။

(၅) သွေးတိုး ရောဂါ၇ှင် များအတွက် ရှောက်သီး အလုံးကြီး တစ်လုံး၏ အတွင်းသားများ၊ ထန်းလျက်စိတ်သား ဆားခါးတစ်ဆယ်သား၊ ကွမ်း၇ွက်သတ္တုရည် တစ်ဆယ်သား တို့ကိုစုရော ထောင်းပြီး နေ့တစ်နေ့ လှန်းပေးရသည်။ မနက် ဟင်းစား ဇွန်းတစ်ဇွန်း၊ ညဟင်းစားတစ်ဇွန်း မှန်မှန် သောက်ခြင်းဖြင့် သွေးတိုးရောဂါမှ ပျောက်ကင်း စေပါသည်။

(၆) ရှောက်ခွံများကို ပါးပါးလှီးကာ အခြောက်လှန်းရသည်။ ခြောက်သွေ့သွားလျှင် မီးတောက် အရက်နှင့် ခုနှစ်ရက်စိမ်ထားရသည်။ လေငန်းကြောင့် ပါး၇ွဲ့၊ ပါးစပ်ရွဲ့၊ လက်ကပ်၊ လက်မြှောက်မရ၊ ခြေတစ်ဖက်ဆွဲများကို နေ့စဉ် မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်းသည်။

(၇)သနပ်ခါးကို ပျစ်ပျစ်သွေးပြီး ရှောက်ရည် မပြစ်မကျဲ ညှစ်ထည့်ပါ။ ထိုသနပ်ခါးကို နေ့စဉ်မှန်မှန်လိမ်းပေးခြင်းဖြင့် အသားအရေ ချောမွေ့ပြီး ၀က်ခြံ၊ တင်းတိတ်၊ မှဲ့ခြောက်များ ပျောက်ကင်းစေသည်။

ဆေးဖက်ဝင်ရှောက်မြစ်

(၁) အနာ ပေါက်လာလျှင် ရှောက်ပင်မှ အမြစ်ကို တူးကာ ရေစင်အောင် ဆေးပြီး မကြာခဏ လိမ်းပါ။နုလျှင်ပိန် ရင့်လျှင်ပေါက် အမြန်ပျောက်သည်။

(၂) အကြာခဏအန်လျှင်ေ၇ှာက်မြစ်သွေး၇ည်နှင့် ပျား၇ည်ရောစပ်ကာ ဟင်းစားဇွန်းတစ်ဇွန်း တိုက်ပေးခြင်းဖြင့် အအန်ရပ်သွားမည်။

(၃) ကလေးများမကြာခဏ နို့အန်ရောဂါဖြင့်နေလျှင် ရှောက်မြစ်ကိုသွေးပြီး ၆လသားအတွင်း တစ်ပဲသားအထိ ကော်ဖီဇွန်းဖြင့် တိုက်ကျွေးပါ။

(၄) နှလုံးရောင်၊ လေထိုးလေပွ၊ လက်ပြင် ငုတ်ခြင်းနှင့် နာကျင် ကိုက်ခဲခြင်း တို့အတွက် ရှောက်မြစ်သွေးရည်၊ ပျားရည် ဆတူစပ်၍ ကာဟင်းစားဇွန်းတစ်ဇွန်းစာကို မနက်၊ ညတစ်ကြိမ်စီသောက်ပါ။

credit to Health Articles,သဘာဝအားအင်,Health Updates Journal

စပါးလင်မှရရှိသောအကျိုးကျေးဇူး

-ကျောက်ကပ်၊အသည်း၊ပန်းကရိယတို့ကိုသန့်ရှင်းစေတယ်၊အစာကျေစေတယ်၊ဆီးအိတ်တွင်းရှိ
အညစ်ကျေးတွေကိုဖယ်ရှားပေးတယ်၊

-ကင်ဆာဆဲလ်ဖြစ်စေနိုင်တဲ့ဆဲလ်တွေကိုသေစေတယ်၊ကင်ဆာမဖြစ်အောင်တားဆီးပေးတယ်

-ခန္ဓာကိုယ်တွင်း သွေဖိအားတွေကို ချိန်ညိပေးတယ်

-အအေးမိ၊တုတ်ကွေးရောဂါသမားတွေစားသုံးပေးလျှင်သက်သာစေတယ်

-အဆိပ်အတောက်တွေကိုဖယ်ရှားပေးတယ်

-နာကျင်ကိုက်ခဲမှုဝေဒနာတွေကိုသက်သာစေတယ်

-စိတ်ဖိစီး မှုရော့ကျစေတယ်

-အဆစ်အမြစ်ကိုက်သူတွေ၊ဂေါက်ရာဂါသမားတွေစားသုံးပေးသင့်တယ်

-ကိုယ်ပှုချိန်ကြီးသူများ၊အပြင်းဖျားသူများ အဖျားကြီးသူများစား သုံးပေး လျှင်သက်သာစေတယ်

-ခန္ဓာကိုယ်အလေးချိန် အကျလွန်သူတွေ စားသုံးပေးရတယ်

-အိုမင်းရင့်ရော် မှုကိုနှေးကွေးစေတယ်၊နုပျိုစေတယ်

-ဝမ်းလျှော၊ဝမ်းပျက်၊ဗိုက်နာဗိုက်အောင့်၊အစာအိမ်နာ၊အစာအိမ်အောင့်သမားတွေစားသုံးလျှင်သက်သာစေတယ်

-ကိုယ်ခန္ဓာတွင်းဘက်တီးရီးယားရောဂါတွေမဝင်ရောက်လာနိုင်အောင်တားဆီးပေးတယ် စသည်အကျိုးကျေးဇူးကိုရရှိပါတယ်..........

Ref:General Knowledge